Tag နှစ်ခုကြားအတွင်းရှိသော Data ကိုOutputထုတ်ပေးသော Program ကိုရေးပါ။ Input တန်ဖိုးသည် <abc> <xyz> hoge<abc>piyo<xyz> ဖြစ်ခဲ့လျှင် Output မှာ piyo ဖြစ်သည်။ ပထမ Input သည် Tag နှစ်ခုအတွက်ဖြစ်ပြီး၊ ဒုတိယ Inputသည် ပထမ Input ၏ Tag နှစ်ခုကြားထဲမှ Data ကိုဆွဲထုတ်ပေးရန်အတွက်ပေးသော Input ဖြစ်သည်။ မှတ်ချက်။ ပထမ Input ၏ Tag တစ်ခုနှင့်တစ်ခုကြားတွင် space ပါ၀င်သည်။ Tag နှစ်ခုကြားထဲမှ Data ၏ length သည် သုညဖြစ်သောအခါ <blank>ကို output ထုတ်ပေးရမည်။ ဥပမာ(၁) Input တန်ဖိုးသည် <abc> <xyz> <abc>123<abc>456<xyz>789<xyz><abc>789<xyz> ဖြစ်ခဲ့လျှင် Output မှာ 123<abc>456 789 ဖြစ်သည်။ ဥပမာ(၂) Input တန်ဖိုးသည် <a> <b> <a><a><b> ဖြစ်ခဲ့လျှင် Output မှာ <a> ဖြစ်သည်။ ဥပမာ(၃) Input တန်ဖိုးသည် <Banana> <Cupcake> ApplePie<Banana>Bread<Cupcake>Apple<Banana><Cupcake> ဖြစ်ခဲ့လျှင် Output မှာ Bread <blank> ဖြစ်သည်။
You can go to next question if you have to face difficult problem.