Question 4


Grayscale Images သည် 255(အဖြူ ) မှ 0(အမဲ) Gradations ဖြင့်ဖေါ်ပြသော Image ဖြစ်သည်။
0 နှင့် နီးသောGradations သည် အမဲရောင်တမ်းပြီး၊ 255 နှင့် နီးသော Gradations သည် အဖြူရောင်တမ်းသည်။
Grayscale Images ရဲ့gradations သည် 128 နှင့်အထက်ဖြစ်ပါကအဖြူဟုသတ်မှတ်ပြီး၊ Gradations သည် 127 နှင့်အောက်ဖြစ်ပါကအမဲဟုသတ်မှတ်သည်။ ထို Grayscale Images ရဲ့Gradations ကိုအသုံးပြု ပြီးအဖြူ (သို့မဟုတ်)အမဲကိုဆုံးဖြတ်ပေးသော Program ကိုရေးပါ။အဖြူဖြစ်ခဲ့လျှင် 1 ဟု output ထုတ်ပေးပြီး၊ အမဲဖြစ်ခဲ့လျှင် 0ဟု output ထုတ်ပေးရမည်။



Input တန်ဖိုး၏ Format မှာအောက်ပါအတိုင်းဖြစ်သည်။
H W
P_{1, 1} P_{1, 2} ... P_{1, W}
P_{2, 1} P_{2, 2} ... P_{2, W}
...
P_{H, 1} P_{H, 2} ... P_{H, W}

Input Data ၏ Line အရေအတွက်သည် H + 1 ဖြစ်သည်။
Input Data ၏ Length သည် W ဖြစ်သည်။
H Wတစ်လုံးနှင့်တစ်လုံးကြားတွင် space ပါ၀င်သည်။
P_{1, 1} P_{1, 2} ... P_{1, W}တစ်လုံးနှင့်တစ်လုံးကြားတွင်လည်း space ပါ၀င်သည်။

Output တန်ဖိုး၏ Format မှာအောက်ပါအတိုင်းဖြစ်သည်။
B_{1, 1} B_{1, 2} ... B_{1, W}
B_{2, 1} B_{2, 2} ... B_{2, W}
...
B_{H, 1} B_{H, 2} ... B_{H, W}

B_{1, 1} B_{1, 2} ... B_{1, W}တစ်လုံးနှင့်တစ်လုံးကြားတွင် space ပါ၀င်သည်။

ဥပမာ(၁)
Input တန်ဖိုးသည်
3 2
128 127
127 128
128 127
ဖြစ်ခဲ့လျှင် Output မှာ
1 0
0 1
1 0
ဖြစ်သည်။

ဥပမာ(၂)
Input တန်ဖိုးသည်
1 1
0
ဖြစ်ခဲ့လျှင် Output မှာ
0
ဖြစ်သည်။


You can go to next question if you have to face difficult problem.